Friday, May 25, 2012

bluetooth နဲ့ ဖုန်းချိတ်ဆက်ပြီး အင်တာနက်သုံးချင်လို့

 ကိုခန့်စိုးမှ  Mobile ဖုန်းနဲ့  Bluetooth သုံးပြီး ကွန်ပျူတာမှာ အင်တာနက်သုံးချင်လို့ ပါ ပြုလုပ်ပုံ အဆင့်ဆင့်ကို ကျေးဇူးပြုပြီး ရှင်းပြပေးပါ
 ခုတလော ကျတော် မအားတာနဲ့ ဆိုဒ်လေးကို မလှည့်အားဘူး....လာကြည့်တဲ့သူနဲ့ တောင်းဆိုတဲ့သူလည်း အရမ်း (မရှိသလောက်ကို) နည်းတဲ့အတွက် စိတ်အားငယ်မိတာလည်း ပါပါတယ်....


bluetooth နဲ့ ဖုန်းနဲ့ချိတ်ဆက်ပြီး အင်တာနက်သုံးချင်တယ်ဆိုရင်တော့ ပထမဦးဆုံး bluetooth ပါတဲ့ဖုန်းနဲ့မှ ရမှာပါ...ခုနောက်ပိုင်း ဈေးပေါ့တဲ့ တရုတ်ဖုန်းတွေမှာတောင်မှ bluetooth မပါမနေရ ပါလာတာကို တွေ့နေရပါပြီ....အောက်ကလိုမျိုး bluetooth setting ပါမှ ရမှာပါ....
 ဖုန်းတစ်လုံးနဲ့တစ်လုံး စာသား အသုံးအနှုန်းကတော့ ကွာခြားပါတယ်....အများအားဖြင့်တော့ connection setting မှာ သွားရှာရတာ များပါတယ်...နောက်တစ်ခု လိုအပ်တာကတော့ bluetooth adpater ပါပဲ....
သူလည်းပုံစံအမျိုးမျိုးရှိပါတယ်...နောက်ထွက်တဲ့ လက်ပ်တော့ တွေမှာတော့ bluetooth တွေတော်တော်များများ ပါလာတာကို တွေ့ရပါတယ်...အဲဒါဆိုရင်တော့ adpater ဖိုး သက်သာပြီပေါ့....ပြီးရင်တော့ bluesole ဆိုတဲ့ဆော့ဝဲ လိုအပ်ပါတယ်...အောက်မှာဒေါင်းယူလိုက်ပါ..

http://www.mediafire.com/?0zx2vfzmbq1   ----> 38MB

နောံဆုံးတစ်ချက်အနေနဲ့ကတော့ မိမိ ဖုန်းမှာ GPRS connection ရရှိရပါမယ်...အဲဒါဆိုရင်တော့ လုံလောက်ပါပြီ....
အကယ်၍ အသုံးပြုဖို့အခက်အခဲရှိမယ်ဆိုရင်တော့ ဒီမှာ အသုံးပြုပုံကို ဒေါင်းပါ...ဆိုဒ်သေးသေးလေးပါပဲ...
အဆင်ပြေပါစေခင်ဗျာ....