Tuesday, February 14, 2012
Monday, February 13, 2012
Monday, January 30, 2012
လွမ်းလိုက်တာ သားလေးရယ်
သားလေးရေ..နေကောင်းလား...အသားတွေများ မဲသွားပြီလားမသိ
တောရွာမှာဆိုတော့ နေထိုင်မကောင်းဖြစ်ရင် ဆေးခန်းကလည်း ကောင်းကောင်းမရှိဘူး..
စိတ်ပူတယ် သားလေးရယ်...အဆင်ပြေ ပျော်ရွင်ပါစေကွာ....
Wednesday, January 25, 2012
အဖေနဲ့သား
အဖေတစ်ယောက်ဟာ သူ့ရဲ့တစ်နေကုန်လုပ်ရတဲ့ အလုပ်ကနေ ပင်ပန်းစွာနဲ့ နောက်ကျမှ အိမ်ကိုပြန်လာခဲ့တယ်။ သူ့ရဲ့ ၅ နှစ်အရွယ်သားလေးက အဖေ့ရဲ့ အိမ်အပြန်ကို တံခါးပေါက်ကနေ စောင့်နေတယ်။
သား - “ အဖေ... သားတစ်ခုလောက်မေးလို့ရမလား...”
အဖေ - “ ရတာပေါ့ .. သားရယ်.. ”
သား - “ အဖေ .. တစ်နာရီ အလုပ်လုပ်တာ ဘယ်လောက်ရလဲ ”
အဖေ - “ ဒါ.. သား အလုပ်မဟုတ်ပါဘူးကွာ...... ”
သား - “ ကျေးဇူးပြုပြီးတော့ .. သားကိုပြောပြပါ... အဖေ”
အဖေ - “ အဖေ တစ်နာရီ အလုပ်လုပ်တာ ဒေါ်လာ 20 ရတယ် သားရဲ့...”
သား - “ ဒါဆို .. အဖေ ..သားကို ဒေါ်လာ 10 ချေးပေး ”
အဲ့ဒီလို ပြောလိုက်တဲ့ အချိန်မှာပဲ အဖေဟာ စိတ်ဆိုးဆိုးနဲ့ သူ့ရဲ့သားကို အော်ပြီး အိပ်ယာဝင်ဖို့ ပြောလိုက်ပါတယ်။ ဒါနဲ့ သူ့ရဲ့သားဟာ မျက်နှာလေးညှိုးနွမ်းစွာနဲ့ သူ့ရဲ့ အခန်းလေးထဲဝင်သွားပြီး တံခါးပိတ်လိုက်ပါတယ်။ အချိန်အနည်းငယ်ကြာတဲ့အခါမှာ စိတ်အနည်းငယ်ပြေသွားတဲ့ အဖေဟာ သားရဲ့ အခန်းထဲကို ဝင်လာပြီး ..
အဖေ - “ အဖေ ကြမ်းတမ်းစွာဆက်ဆံမိတဲ့အတွက် .. ဝမ်းနည်းပါတယ်သားရယ်.... ရော့ .. ဒီမှာ သားအတွက် ဒေါ်လာ 10 .. ဒါနဲ့... ဒီပိုက်ဆံနဲ့ သား ဘာလုပ်မှာလဲ .”
သူ့ရဲ့ သားလေးဟာ ပျော်ရွှင်စွာနဲ့ သူ့အဖေကို ကျေးဇူးအများကြီးတင်ကြောင်း
ပြောလိုက်ပါတယ် ။ အဲ့ဒီနောက်မှာတော့ ကောင်လေးဟာ သူ့ခေါင်းအုံးအောက်မှာ ဝှက်သိမ်းထားတဲ့ အကြွေစေ့ လေးတွေကို ထုတ်ရေတွက်လိုက်ပြီးတော့ သူ့အဖေကိုပြောတယ်...
သား - “ အဖေ . အခု သားဆီမှာ ဒေါ်လာ 20 ရှိသွားပြီ.. အဲ့ဒီပိုက်ဆံနဲ့ သား အဖေ့ရဲ့ အချိန်တစ်နာရီဝယ်မယ် ... မနက်ဖြန် အိမ်ကို စောစောပြန်ခဲ့ပါ .. အဖေနဲ့အတူတူ သား ညစာစားချင်တယ်...”
အဲ့ဒီလို ပြောလိုက်တဲ့ အချိန်မှာပဲ .. အဖေဟာ မျက်ရည်ကျပြီးတော့ သူ့သားကို ပွေ့ဖက်လိုက်ပါတော့တယ်...။
ဖေ့ဘွတ်ကရတာလေးပါ...(ရင်ထဲထပ်တူ ခံစားချက်ဖြင့်)
Tuesday, January 24, 2012
ဝေးလေလွမ်းလေ
ဝေးလေလွမ်းလေ သီချင်းလေးပါ..ခံစားချက်နဲ့ တိုက်ဆိုင်လို့ တင်လိုက်တာ...
သီချင်းစာသားကို ကူးပြီးတော့ ပြန်တင်မယ်..
နှုတ်ဆက်အလွမ်း
ဒီနေ့ အခုလေးတင်းပဲ သားလေးရယ်..သူ့မေမေရယ်..သူ့အဖွားရယ်..ပြန်ပြီ..မြန်မာပြည်ကို..
မင်းဝမ်းသာလား...ဘယ်ဝမ်းသာနိုင်မလဲကွာ...ရှိနေတုန်းကတော့ အဲလောက်မခင်တွယ်ဘူး...
ဝေးသွားတော့မယ်လည်းဆိုရော စိတ်ထဲမှာ တနင့်နင့်နဲ့ခံစားရတာပေါ့...အရမ်းစိတ်မကောင်းဖြစ်ရပါတယ်..
မင်းတို့သားအမိတွေ သွားလမ်းလာလမ်း အဆင်ပြေလို့ ဆွေမျိုးအသိုက်အ၀န်းတွေနဲ့ပျော်ရွင်ချမ်းမြေ့ကြပါစေကွာ...
သြော်...ဒီနေ့ သားလေးက ၆ လ တိတိပြည့်တဲ့ နေ့ပါလား...............
မင်းဝမ်းသာလား...ဘယ်ဝမ်းသာနိုင်မလဲကွာ...ရှိနေတုန်းကတော့ အဲလောက်မခင်တွယ်ဘူး...
ဝေးသွားတော့မယ်လည်းဆိုရော စိတ်ထဲမှာ တနင့်နင့်နဲ့ခံစားရတာပေါ့...အရမ်းစိတ်မကောင်းဖြစ်ရပါတယ်..
မင်းတို့သားအမိတွေ သွားလမ်းလာလမ်း အဆင်ပြေလို့ ဆွေမျိုးအသိုက်အ၀န်းတွေနဲ့ပျော်ရွင်ချမ်းမြေ့ကြပါစေကွာ...
သြော်...ဒီနေ့ သားလေးက ၆ လ တိတိပြည့်တဲ့ နေ့ပါလား...............
Friday, January 20, 2012
Wednesday, January 11, 2012
Subscribe to:
Posts (Atom)