Friday, February 24, 2012

ပါ့စ်ပို့ဓါတ်ပုံလုပ်မယ်..

မောင်စိန်ရွှေ: ငါသိချင်တာတစ်ခုက ပတ်စ်ပို့ဓာတ်ပုံတပုံကို ဖရိမ်ထဲမှာကော်ပီပွားတာ စီအက် ၃မှာ ကီးဘယ်ဟာသုံးလဲ


လုပ်ချင်တဲ့ပုံက အေက်ကပုံလိုမျိုးထင်တယ်...


အမှန်မှာ ပါ့စ်ပို့ပုံဆိုရင် အလျား 1.1 လက်မ နဲ့ အနံ 1.35 လက်မလောက်ထားရပါတယ်... resolution ကိုတော့ 300 ထားထားပါတယ်...ဒါက ကျတော်သုံးနေတဲ့ ပုံမှန်အနေအထားပါ..
ကိုယ်ကြိုက်သလောက်လဲထားလို့ရပါတယ်...အောက်မှာကြည့်ပါ...


အဲဒီအတွင်းမှာ ဓါတ်ပုံကို အရင်ချိန်ညှိပြီးတော့ ရလာတဲ့ ပုံလေးကို 4 x 6 ဆိုတဲ့ ဆိုဒ်ထဲမှာ ပုံလေးတွေ စီမယ်ဆိုပါတော့...
အဲလို 4 x 6 အရွယ်ရဖို့က ctrl+N ကို နှိပ်လိုက်ပါ...ကျလာတဲ့ Box လေးထဲမှာ အထက်က ပြသလိုမျိုး လက်မ နေရာမှာ 4 နဲ့ 6 ကိုရွေးပေး...Resolution ကိုလည်း 300 ထားပေးပါ....အဲဒါဆိုရင် အောက်ကလိုမျိုးကိုယ်လုပ်ထားတဲ့အရွယ်အစားပုံလေးကို
နောက်ထပ် လုပ်ထားတဲ့ 4 x 6 ဆိုတဲ့ အရွယ်အစားထဲ့ကို မောက်စ်နဲ့ နှိပ်ပြီး ဆွဲထည့်လိုက်ပါ...ပြီးရင် 4 x 6 ထဲဝင်သွားတဲ့ ပုံလေးနေရာကို Alt ကို နှိပ်ထားပြီး မောက်စ်ကို ကလစ်နှိပ်ထားပြီး ဘေးကို ဆွဲလိုက်ပါ...ပုံက နောက်တစ်ပုံ ပွားပြီး လိုက်လာပါလိမ့်မယ်... layer ပွားလာတာပေါ့....


အဲလိုပဲဘေးချင်းယှဉ်ပြီး သုံးပုံ ရသွားပြီးဆိုရင်

layer box မှာ ပုံသေးသေးလေး သုံးပုံမြင်နေရတာ အမဲရောင် ခြယ်ထားသလို ဖြစ်နေတယ်လေ...အဲဒါက အောက်ဆုံးကပုံလေးကိုကလစ်တစ်ချက်ပေးပြီး shift နှိပ်ထားပြီးတော့ အပေါ်ဆုံးပုံလေးကို ကလစ်ပေးလိုက်တာပါ...layer သုံးခုလုံးကို slect ပေးထားတာပါ...အဲဒါဆိုရင် ဒီဘက် 4 x 6 အကွက်ထဲက ပုံလေးကို Alt နှိပ်ပြီးတော့ မောက်ကိုကလစ်နှိပ်ပြီး အောက်ကို ဆွဲသွားလိုက်ပါ..ပုံက 6 ပုံ ပွားသွားပါလိမ့်မယ်...
အဲလိုပဲ ထပ်လုပ်သွားရင် အောက်ကလိုမျိုး ပါ့စ်ပို့အဆင်သင့်ထုတ်လို့ရမယ့်...အနေအထား ရသွားမှာပါ...


ဒီလောက်ဆိုရင် အဆင်ပြေလောက်မယ်...ထင်ပါတယ်....ဒါမှ မကျေနပ်သေးဘူးဆိုရင် ပါ့စ်ပို့ လုပ်တဲ့ ဆော့ဝဲလေးရှိပါတယ်...
ဆော့ဝဲနာမည်က Passport Photoပါ...12.5 MB ရှိပါတယ်...အောက်မှာ ဒေါင်းလုတ် လုပ်နိုင်ပါတယ်...



Passport Photo 1.5.3

Photobucket
http://www.mediafire.com/?1yg512wro3mhorr

serial ပါပြီးသားဖြစ်တဲ့အတွက် စိတ်ကြိုက်သုံးနိုင်ပါတယ်...အသုံးပြုပုံကတော့ အရမ်းလွယ်ပါတယ်...ကိုယ့်ဘာသာကိုယ် ကလိလိုက်ပါ...

No comments:

Post a Comment